ကျနော်တို့ လူသားတွေ ဟာ တိုးတတ်လာတဲ့ ခေတ်နဲ့အညီလက်ရှိအချိန်မှာ တယ်လီဖုန်း၊ ကွန်ပျူတာ၊ အင်တာနက် စသည်တို့ကို တွင်ကျယ်စွာအသုံးပြုလာကြပါတယ်။ ယခင်က ကျနော် တို့ ကမ္ဘာမှာ တယ်လီဖုန်း၊ ကွန်ပျူတာ၊ အင်တာနက် စသည်တို့ မပေါ်ခင် ဘယ် Communication နဲ့ အသုံးပြုကြပါလဲ လို မေးစရာဖြစ်လာပါတယ်။ နိုင်ငံတကာမှာဆိုလျှင် International morse code တွေ ကို အသုံးပြုပြီး အဆက်သွယ် ပြုလုပ်ကြပါတယ်။ အဲဒီ code တွေကို ဆင်မြူရယ်မောစ့် က တီထွင်ခဲ့ပြီးကျနော်တို့
မြန်မာနိုင်ငံမှာလည်း ယောအတွင်းဝန်ဦးဖိုးလှိုင် က မြန်မာ့ကြေးနန်းMyanmar Code တွေကို တီထွင် ခဲ့သူဖြစ်ပါတယ်။ နိုင်ငံတစ်ခုမှာ ဘယ်လောက်ပဲ တိုးတတ်နေပါစေ ဆက်သွယ်မှုဆိုင်ရာအတွက်ကြေးနန်း ဆိုတာ မရှိမဖြစ်ပါပဲ။ ကျနော်တို့ ရှေးခေတ်နဲ့ခေတ်လယ် အင်္ဂလိပ်ကားတွေမှာ တော်တော်များများ
တွေရပါလိမ့်မယ်။ ဘာလဲဆိုတော့ အော်ပရေတာတစ်ယောက်က "တီတီတီ" နဲ့ ကီးတစ်ခု ကို နှိပ်နေတာ
တွေရပါလိမ့်မယ်။ အဲတာက International Codeတွေကို အသုံးပြုပြီး တစ်ဖက်နဲ့တစ်ဖက်ကြေးနန်း ရိုက်ပြီးအဆက်အသွယ်လုပ်တာဖြစ်ပါတယ်။
အောက်ပါ Code များကတော့ International morse code များပဲဖြစ်ပါတယ်။
အောက်ပါ Code များကတော့ International morse code များပဲဖြစ်ပါတယ်။
တယ်လီပရင်တာ
ကြေးနန်းရိုက်ကြားနေပုံ
ဖက်စ်ကြေးနန်း
အီလက်ထရောနစ်ကြေးနန်း
ယခင်က ကြေးနန်းတွင် မြန်မာစာ သီးသန့် အင်္ဂလိပ်စာ သီးသန့် အသုံးပြုနိုင်ပြီးယခုအီလက်ထရောနစ်
ကြေးနန်း www.etelegram.net.mm ၏ အားသာချက်မှာ ပြည်ပ နိုင်ငံများ နှင့် ချိတ်ဆက် အသုံးပြုနိုင်ပြီး မြန်မာစာ နှင့် အင်္ဂလိပ်စာ ဘာသာ ၂ မျိုး ပူးတွဲ အသုံးပြု၍ ရရှိနိုင်ခြင်းဖြစ်ပါသည်။
တိမ်မြုပ်နေသော နည်းပညာများ အားပြန်လည်ဖော်ထုတ်ခြင်းနှင့် ခေတ်နှင့် တပြေးညီ အဆင့်မြှင့်တင်ခြင်းအားဖော်ပြပေးခြင်းဖြစ်ပါတယ်ခင်ဗျာ....။
တိမ်မြုပ်နေသော နည်းပညာများ အားပြန်လည်ဖော်ထုတ်ခြင်းနှင့် ခေတ်နှင့် တပြေးညီ အဆင့်မြှင့်တင်ခြင်းအားဖော်ပြပေးခြင်းဖြစ်ပါတယ်ခင်ဗျာ....။
Categories:
ဗဟုသုတ






