Banner 468

ABOUT E-TELEGRAM SYSTEM

Posted by helperetelegram on - -

www.etelegram.net.mm သည် Online ပေါ်မှ ကြေးနန်းပေးပို့နိုင်သော Website ဖြစ်ပါသည်။ ပေးပို့လို
သောသူ၏ နေရပ်လိပ်စာသိရုံဖြင့် အိမ်အရောက် ပေးပို့နိုင်သော ကြေးနန်းစနစ်ဖြစ်ပါသည်။ လက်ခံမည့်
သူသည် eMail လိပ်စာ ရှိရန်မလိုပါ။ အွန်လိုင်းတက်စရာမလိုပါ။ ၄င်း SERVICE အား ပြည်တွင်းမှာ သာမက ပြည်ပမှ လည်း ပးပို့နိုင် အောင် စီစဉ်ထားပါသည်။ 

မည်သည့် နေရာမှမဆို Online ချိတ်ဆက်နိုင်သည့် နေရာအားလုံးမှ လွယ်ကူစွာ အသုံးပြုနိုင်မည်ဖြစ်၍ လုပ်ငန်းများ ပိုမို အဆင်ပြေ မြန်ဆန်ပြီး နိုင်ငံတကာနှင့် ရင်ဘောင်တန်း ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
လိပ်စာရှင်တွင် Internet/ eMail ရှိရန် မလိုဘဲ ကြေးနန်းရုံးမှ လာရောက် ပေးဝေသည့် သတင်း (Message) ကို လွယ်ကူစွာ လက်ခံ ရရှိနိုင်မည် ဖြစ်ပါသည်။

လမ်းဆုံးရုံးတွင် ကြေးနန်းစာများ ပေးဝေ အောင်မြင်မှု အခြေအနေအား မှတ်တမ်းပြုသည့် စနစ် ထည့်သွင်း တည်ဆောက်ထား သဖြင့် ကြေးနန်းပို့သူ အနေဖြင့် ကြေးနန်းပေးဝေမှု အဆင့်ဆင့်ကို တိကျစွာ သိရှိနိုင်မည် ဖြစ်ပါသည်။

Online User တစ်ယောက်မှ ပေးပို့ ရိုက်ကြားသော ကြေးနန်းစာကို လိပ်စာရှင်ထံ ပေးဝေသည့်အခါ ပေးပို့ ရိုက်ကြားသူ၏ အမည်နှင့် အတူ လည်းကောင်း၏ User Name (ID No.) ကိုပါ ဖော်ပြပေးဝေမည်
 ဖြစ်သည့်အတွက် လိပ်စာရှင်မှ လိုအပ်လျှင် Online User ထံ လည်းကောင်း User Name (ID No.)
 ဖြင့် လွယ်ကူစွာ ကြေးနန်း ပြန်လည် ပေးပို့ ရိုက်ကြား နိုင်မည် ဖြစ်ပါသည်။

Online User သည် eTelegram စနစ်သုံးစွဲခြင်းနှင့် ပတ်သက်၍ သိရှိလိုသည်များ၊ အခက်အခဲများ၊ လိုအပ်ချက်များ၊ အဆင်မပြေမှုများ၊ အကြံပြုချက်များ စသည်တို့ကို Web Site ၏ အကြံပြုလွှာ စာမျက်နှာတွင် ရေးသား အကြံပြု နိုင်ပါသည်။ ထိုအကြံပြု ဖော်ပြချက်များကို ဌာနမှ အထူးဂရုဓမ္မပြုပြီး eTelegram စနစ်၏ စွမ်းဆောင်ရည်ကို အစဉ် ပိုမို တိုးတက်ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ပါသည်။ အကြံပြုစာများကိုလည်း အမြဲကြိုဆိုလျက် ရှိပါသည်။

Categories: