Banner 468

စာဝေလုလင် (နည်းပညာ မျှဝေခြင်း ၀တ္ထုတို)

Posted by helperetelegram on - -

"အောက်အီးအီးအွတ်"
မိုးသောက်ယံ အချိန် သာယာကုန်းရွာတွင် ဆွမ်းချက်ရန်အတွက် မြန်မာ့နာရီနှိုးစက်က တွန်ကြူးနေပေ သည်။ရွာထိပ်က ဆွမ်းချက်ရုံမှာလည်း သံဃာတော်များအား ဆွမ်းလောင်းရန်အတွက် စုရုံးနေကြပေသည်။
ဒေါ်လှမေတစ်ယောက် စင်ကာပူမှာ သွားအလုပ်လုပ်ရှာသော သားတော်မောင်အကြောင်းစဉ်းစားမိသည်။
သားတော်မောင် ပို့လိုက်သော ပိုက်ဆံဖြင့် သံဃာတော်များအား ဆွမ်းလောင်းရင်း သားတော်မောင်ဆီမှ
အဆက်အသွယ်မရသည်မှာ ၁ လ ပင်ကြာမြင့်လေပြီ။ သားလေးနေမှကောင်းရဲ့လား သားလေး အလုပ်မှာ
အဆင်ပြေပါ့မလား ဟု အတွေးများဖောင်ဖွဲ့နေစဉ် နောက်မှ မအေးသိန်း က
"ဟဲ့ လှမေ နင့်သားတစ်ယောက် နိုင်ငံခြားမှာ အဆင်ပြေလား အေ့"
"မအေးသိန်း ရယ် သားလေး ဆီ အဆက်အသွယ် မရေတာ တော်တော်လေးကြာနေပြီရှင့် မြို့တတ်ပြီး
သားလေး ဆီ ဆက်သွယ်ရဦးမယ် မအေးသိန်းရေ"
"ညည်း သားလေးက ဖုန်းနံပါတ် မပေးဘူးလား"
"ပေးပါတယ် မအေးသိန်း ရယ် ဒါပေမယ့် ကျမတို့က တောကလေ မြို့တတ်ပြီး အဲဒီ ဘာနတ်ဆိုတာ
ကြီးနဲ့ ပြောရတာ သိပ်အဆင်မပြေပါဘူးတော် ကြားလိုက်မကြားလိုက်နဲ့ နောက်ပြီး မြို့က ကလေး
တွေက တော်တော့ သူတို့ ဘာပြောမှန်းလည်း နားမလည်ဘူး သားလေးကို သတိရလို့သာ သွားဆက်သွယ်
ရတာတော်ရေ ကျမတော့ ရူးချင်တာပဲ"
"အမလေး လှမေ ရယ် ကျုပ်တို့က ဒီလောက်ပဲ အခက်ကြုံရတာတော့ လှမေသားလေးတို့ဆို ဟိုမှာ ဘယ်လောက် ခက်ခဲမလဲ"
"ဟုတ်ပါတယ် မအေးသိန်း ရယ် ကျမလည်း မြို့က ကိုလှအောင် ကို အကူညီတောင်းထားတယ်
သားလေး က ဖုန်းဆက်တယ်ဆိုရင် ကိုလှအောင်က ကျမ ကိုလာပြောတယ်လေ နောက်တပတ် ဘယ်အချိန်
ဆက်မယ်လို့ သားလေးက ပြောတော့ ကျမလည်း နည်းနည်း အဆင်ပြေသွားတာပေါ့"
"ဟုတ်လား ဒါနဲ့ ကိုလှအောင် က ဘယ်လိုလုပ်သိတာလဲ"
"အော် မအေးသိန်း က လဲ ကိုလှအောင် တို့ အိမ်ရဲ့ သုံးအိမ်ကျော်မှာ ဘာနတ်ဆိုလား ပဲ အဲတာဆိုင်ရှိတယ်လေ
အဲဒီဆိုင်မှာ ကိုလှအောင် အဲဒီနတ်ဆိုတာ ကိုသုံးနေကျ တော်ရေ အဲတာ သားလေး က အုတ်တန်းမှာ ရှိရင်
ဂျီးတော် နဲ့ ပြောရတယ်တဲ့ သူတို့ပြောတာပဲ အဲဒီအခါကျမှ သားလေးက ကိုလှအောင်ကို ဆက်သွယ်
ရင် ကိုလှအောင်က ကျမတို့ဆီ လာပြောတာပေါ့"
"အော် … အင်းးးးးး ခေတ်ကြီးကလည်း တိုးတတ်နေလိုက်တာနော်"
"ဟုတ်တယ် မအေးသိန်းရဲ့ ကျမတို့ ငယ်ငယ် တုန်းကဆိုလေ နိုင်ငံခြား မပြောနဲ့ သံကြိုးစာ တောင် မြို့ကိုတတ်ပြီးရိုက်ရတာ သားလေး အဖေ တောင်ကြီးမှာ တာဝန်ထမ်းတုန်းက ဒီကနေရိုက်ရင် ၁၇က် လောက်ကြာတယ် အခုများတော့ ဟိုး အဝေးကြီးက နိုင်ငံခြားကိုတောင် ဖုန်းပြောလို့ရပြီလေ"
"အင်းနော် မလှမေ ကျမတို့တော့ မမှီတော့ပါဘူးအေ"
"ဟုတ်တယ် ဟုတ်တယ် ကဲကဲ သံဃာတော်တွေလည်းကြွလာပြီ ဆွမ်းလောင်းရအောင် မအေးသိန်းရေ"
သီတင်းကျွတ်လပြည့်နေ့ မိုးသောက်ယံအချိန် ဗုဒ္ဓဘာသာရဟန်းတော်များ အား  ဆွမ်းလောင်းနေကြသော ရှုခင်းမှာ ရှုမငြီးဖွယ် ဖြစ်လေတော့သည်။
တစ်နေ့ "ဗျို့ မလှမေ မလှမေ" ကိုသာဖြိုး ၏ အသံမှာ စူးစူးဝါးဝါးဖြစ်သဖြင့် မလှမေ အိမ်အပြင်သို့ ကသောကမြောထွက်လာလေသည်။
"ဟဲ့ ဘာတုန်းဟဲ သာဖြိုးရဲ့ အလန့်တကြား"
"ဒီမှာ မလှမေ ရဲ့ သားက ကြေးနန်း ပို့လိုက်လို့ အဲတာလာဝေတာတဲ့"
ဟုတ်ပါသည် မလှမေ ကြည့်လိုက်တော့ ကိုသာဖြိုးနဲ့ အတူ အရပ်က ထောင်ထောင်မောင်းမောင်း အသားဖြူဖြူဖြင့် မီးခိုးရောင်ဝတ်စုံ နှင့် ရင်ဘတ်တွင်လည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဟူ၍ တံဆိပ်ဖြင့် ထိုလူငယ်မှာ ၀တ်စုံဖြင့်လိုက်ဖက်သဖြင့် ကြည့်ကောင်း၍နေ၏။ နောက်မှ ထိုလူငယ်က
"အမ ဒီကြေးနန်းလေးလက်ခံပေးပါ" ဟူ၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တံဆိပ်ပါ စာအိတ်ကို ထုတ်ပေးပြီး
"အမ ဒီမှာ လည်း လက်ခံရရှိကြောင်းလက်မှတ်ထိုးပေးပါခင်ဗျာ "
ဟူ၍ ယဉ်ကျေးပြူငှာစွာဖြင့် ပြောလေသဖြင့် မလှမေ ၏ စိတ်တွင် လည်း သားဆီမှ ကြေးနန်းရသည်က တကြောင်း ထိုသို့ဌာန ဆိုင်ရာများတွင် လည်း ယဉ်ကျေးပြူငှာစွာဆက်ဆံကြသည်က တကြောင်း မလှမေ ၏ ရင်တွင် ပီတီဖြစ်မိလေသည်။ မလှမေ က ထိုလူငယ် ၏ စာအုပ်တွင် လက်မှတ်ထိုးပေးပြီးနောက်
" ကျနော့် ကို ခွင့်ပြုပါဦး အမ" ဟုနှုတ်ဆက်ရာတွင် ရွာထဲမှလူငယ်တစ်ယောက်ပြေးလာပြီး
"ဟော ဒီက အကိုခဏလေးဗျ ကျုပ်တို့ရွာလူကြီးက အကို့ကို တွေ့ ချင်လို့တဲ့"
"ကျနော် လိုက်ခဲ့ပေးရမလား"
"ရတယ်အကို ရွာလူကြီးလာလိမ့်မယ် နောက်ပြီး ရွာသားတွေကိုလည်းခေါ်ထားတယ်ဗျ"
ထိုလူငယ်မှ အထိတ်တလန့်ဖြင့် "ဘာဖြစ်လို့လဲအကို"
 "ဟားဟား အကို လန့်သွားတာ ထင်တယ် မလန့်ပါနဲ့ဗျာ ရွာလူကြီးပြောလိမ့်မယ်ဗျခဏလေး စောင့်ပါနော်" ဒီတော့မှ စိတ်ချလက်ချဖြင့်
 "ရပါတယ် ကျနော် စောင့်ပေးပါ့မယ်"
ခဏကြာတော့ရွာသူရွာသားများနှင့်ရွာလူကြီးတို့ရောက်ရှိလာကြသည်။ဒီတော့မှရွာလူကြီးက နေရာထိုင်ခင်းများ
လုပ်ပေးပြီ"ဒီလိုကလေးရေ ဒီရွာမှာက မြို့နဲ့အလှမ်းဝေးတော့ ခေတ်ပညာကို နားမလည်ကြဘူးလေ နောက်ပြီး ဒီရွာကို ကြေးနန်းဆိုတာ မရှိသလောက်ရှားလေတော့ အထူးအဆန်းတစ်ခုလိုဖြစ်နေတယ် နောက်ပြီး လှမေရဲ့ သားက ဦးတို့သိထားတာ နိုင်ငံခြားမှာလေ နိုင်ငံခြားကနေ ဦးတို့ ရွာထိ အိမ်တိုင်ယာရောက်လာဝေတဲ့ စာဖြစ်နေတော့ အားလုံးစိတ်ဝင်စားကြတာပေါ့ အဲတာကြောင့်မို့လို့ ဒီက ညီလေး ကို ဦးလေး တို့ရွာကို ဗဟုသုတရအောင်ရှင်းပြပေးပါလား"
ရွာလူကြီးကအကူညီတောင်းလေ တော့
ထိုလူငယ်မှာလည်း မြန်မာ့ကြေးနန်းအကြောင်းကို ကျေးလက်နေပြည်သူများ နားလည် စေရန်အတွက် နားလည်ရ လွယ်သောအသုံးအနှုန်းများကို သုံးကာ ရှင်းလင်းပြောကြားရာတွင်
"ဟုတ်ကဲ့ပါခင်ဗျာ ဒီက ရွာလူကြီးဦးနဲ့ ဒီရွာမှာ ရှိတဲ့ ပြည်သူတွေကို ကျနော်တို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ကြေးနန်းဌာန ရဲ့ လုပ်ငန်းတာဝန်များကို ပြောပြပါမယ်ခင်ဗျာ။ ကျနော် အခုလက်ရှိ ကြေးနန်းအကြောင်းကို မပြောခင်ယခင်ကြေးနန်းတွေကို ဘာတွေနဲ့ လုပ်ခဲ့သလဲဆိုရင် TW7000 တို့ TW100 တို့နဲ့ အလုပ်လုပ်ခဲ့ပါတယ်။ 

ဖုန်းတို့ ကွန်ပျူတာ အီးမေးလ် ပုံစံနဲ့ အလုပ်လုပ်ခဲ့ပါတယ်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေနဲ့ တိုးတတ်လာ တဲ့  ခေတ်နဲ့အညီ မြန်မာ့ကြေးနန်းကိုလည်း ခေတ်နဲ့ တပြေးညီရင်ဘောင်တန်းနိုင်ဖို့အတွက် အင်တာနက်ကို အသုံးပြုပြီး ပြည်တွင်းမှာသာမက ပြည်ပ အထိပါ ကြေးနန်းပို့/ယူ နိုင်တဲ့စနစ်ပဲဖြစ်ပါတယ်။ဒီက အကိုတွေ၊ အမတွေ ကို နားလည်အောင်ရှင်းပြရမယ်ဆိုရင် ဖုန်းဆိုတာကတော့ တယ်လီဖုန်းနဲ့ ကြေးနန်း ပို့/ယူခြင်း ဖြစ်ပြီး ၊ ကွန်ပျူတာ အီးမေလ် ဆိုတာကတော့ အီလက်ထရောနစ်နည်းပညာနဲ့ ကြေးနန်းပို့/ယူ ခြင်း ပဲဖြစ်ပါတယ်။ အခုလက်ရှိလည်း အီလက်ထရောနစ် နည်းပညာနဲ့ ကြေးနန်းပို့/ယူခြင်းလုပ်ငန်းကို လုပ်ဆောင်နေပါတယ် ကွာခြားချက်ကတော့ ယခင်ကွန်ပျူတာ အီးမေးလ် စနစ် ကတော့ မြန်မာနိုင်ငံ အတွင်းသာ ရရှိမှာဖြစ်ပြီး ယခုလက်ရှိ ကတော့ 
 မြန်မာနိုင်ငံမှာသာမက ပြည်ပနိုင်ငံများနှင့်ပါ ကြေးနန်းချိတ်ဆက် အသုံးပြုလို့ရနိုင်မှာ ပဲဖြစ်ပါတယ်။ လက်ရှိကျနော် တို့ မြန်မာနိုင်ငံမှာ အင်တာနက်တွေကို လူကြီး လူငယ် မရွေးအသုံးပြုလို့ရနိုင်မှာ ဖြစ်ပါတယ်။ အင်တာနက်ပေါ်မှာ စာတွေ ကို တစ်ယောက်နဲ့ တစ်ယောက် ပို့/ယူ နေကြပါတယ် ဒါပေမယ့် စာပို့တဲ့ သူနဲ့ စာလက်ခံတဲ့ သူတို့က ကိုယ်ပိုင် အီလက်ထရော နစ်အကောင့်ရှိရမယ်။ ကိုယ်ပိုင်အင်တာနက်ကို သုံးနိုင်ရပါမယ်။ နောက်ပြီး လက်ခံတဲ့သူက အွန်လိုင်းအသုံးပြု မှ တဖက်ကနေ ပို့ထားတဲ့ စာကို ဖွင့်ဖတ်မှသာ အဲဒီစာပါ အကြောင်းအရာများကို သိရှိနိုင်မှာဖြစ်ပါတယ်။ ကျနော်တို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ကြေးနန်းဌာန မှ ပြည်သူများ အဆင်ပြေချောမောစွာ သတင်းအချက် အလက်များကို တပြေးညီ သိရှိနိုင်ရန်အတွက် www.etelegram.net.mm website ကိုတည်ထောင်ခဲ့ပါတယ်။ 

 
 
အခု ဒီ website မှာဆိုရင်တော့ ကြေးနန်းလက်ခံမယ့်သူက ကွန်ပျူတာသုံးတတ်ရန်မလို အီလက် ထရောနစ် အကောင့်ရှိရန်မလို လိပ်စာရှိရုံဖြင့် အိမ်တိုင်ယာရောက် ပေးဝေတဲ့ စနစ်ပဲဖြစ်ပါတယ်။ ဥပမာ ရှင်းပြရရင် မောင်ဖြူက နိုင်ငံခြားမှာရှိတယ်ဆိုပါစို့ဒီသာယာကုန်းရွာက မိဘဆီဆက်သွယ်ချင်တယ် ဆိုရင် မောင်ဖြူ က www.etelegram.net.mm ကို အသုံးပြုပြီး သာယာကုန်းမှာ ရှိတဲ့ မိဘတွေရဲ့ လိပ်စာ အတိအကျရေးပြီး နီးစပ် ရာကြေးနန်းဌာန ကို ပို့ရပါမယ် နီးစပ်ရာကြေးနန်းဌာနမှ အချိန်နှင့် တပြေး ညီ ကြေးနန်း အ၀င်အထွက်များ ကို စိစစ်ပြီး ကြေးနန်း အ၀င်ရှိပါက သက်ဆိုင်ရာလိပ်စာရှင်ထံသို့ စာဝေလုလင်များမှတဆင့် အိမ်တိုင်ယာရောက် ပေးဝေတဲ့ စနစ်ပဲဖြစ်ပါတယ်။
ကြေးနန်းပေးဝေပြီးကြောင်းကိုလည်းသက်ဆိုင်ရာကြေးနန်းရုံးမှတဆင့် ဖော်ပြပေးသည့်အတွက် မောင်ဖြူမှ မိမိပို့ထားသောကြေးနန်း ရောက်မရောက်ကို www.etelegram.net.mm ကို အသုံးပြုခြင်းဖြင့် သိရှိနိုင် မှာပဲဖြစ်ပါတယ်။ တကယ်လို့ ဒီ Website ကိုအသုံးပြုမယ်ဆိုရင်ဖြင့် ကြေးနန်းပေးပို့ လိုသူမှာ ကြေးနန်းအသုံးပြုခွင့်ကဒ် ကို ၀ယ်ယူသုံးစွဲရမှာပဲဖြစ်ပါတယ်။ မြန်မာငွေ ၁၀၀၀၀ိ/- (ကျပ်တစ်သောင်း) ဖြင့် ရောင်းချပြီး ကြေးနန်းပို့ ရာတွင် လည်း မြန်မာငွေ ၃၀၀ (ကျပ်သုံးရာနှုန်းထား) သာကောက်ခံမှာဖြစ်သည့် အတွက် ငွေကုန်ကြေးကျသက်သာပြီး နိုင်ငံခြားမှ ကျေးလက်အထိ လိပ်စာရှိရုံဖြင့် အိမ်တိုင်ယာရောက် ပေးဝေ နိုင်တဲ့ နည်းပညာတစ်ခုပဲဖြစ်ပါကြောင်းပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျာ မရှင်းတာရှိရင် မေးမြန်း နိုင်ပါ တယ် ခင်ဗျာ"
"ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း"
"ဒီက နောင်ကြီးကို တစ်ခုလောက်မေးချင်လို့ဗျာ"
"မေးပါခင်ဗျာ ဘာများပါ့လိမ့်"
"အဲဒီ ကြေးနန်းအသုံးပြုခွင့်ကဒ် ကိုဘယ်မှာ ၀ယ်ယူနိုင်ပါသလဲခင်ဗျာ"
"အော် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ကြေးနန်းဌာန တိုင်းမှာ ၀ယ်ယူရရှိနိုင်ပါတယ်ခင်ဗျာ"
 "ကျနော်တို့ သုံးရင် ရနိုင်မလားဗျ"
"ရပါတယ် အကို လူမျိုးမရွေးဘာသာမရွေးအသုံးပြုနိုင်ပါတယ် တစ်ခုတော့ရှိပါတယ် နိုင်ငံရေးနဲ့ မလွတ် ကင်းတာမျိုးတို့ ညစ်ညမ်းသော အသုံးအနှုန်းများ ကြေးနန်းမှာပါခဲ့မယ်ဆိုရင်တော့ ကြေးနန်းဌာနမှ ပယ်နိုင် ပါတယ်"
"အသုံးပြုချင်တယ်ဆိုရင် ဘာတွေလိုအပ်မလဲဟင်"
"အော် အသုံးပြုချင်တယ်ဆိုရင်တော့ အနည်းဆုံးတော့ ကွန်ပျူတာ အခြေခံ ကျွမ်းကျင်ထားဖို့ လိုပါတယ် လက်ခံမယ့်သူ အတွက်သာ ကွန်ပျူတာ အသုံးပြုရန်မလိုအပ်တာဖြစ်ပြီး ပို့မယ့် သူအတွက် ကွန်ပျူတာ အသုံးပြုတတ်ဖို့ လိုအပ်မှာဖြစ်ပါတယ် ညီမ"
"ကျမ ကွန်ပျူတာ အခြေခံ တတ်ခဲ့ဘူးပါတယ် အဲဒီ ကြေးနန်းအသုံးပြုခွင့် ကဒ်နဲ့ ကွန်ပျူတာမှာ ဘယ်လို သုံးရမလဲ ရှင့်"
"အဲဒီ အသုံးပြုခွင့် ကဒ်မှာ ခဲခြစ်ပါပါတယ် အဲဒီခဲခြစ်ကို ခြစ်လိုက်ရင် Username နဲ့ Password ကို www.etelegram.net.mm မှာ ရိုက်ထည့်အသုံးပြုရမှာပဲဖြစ်ပါတယ် ညီမ"
"သားလေး အန်တီတို့ သားဆီကို ပြန်ပို့မယ်ဆိုရင်ရော ဘယ်လိုပို့ရမလဲ"
"ဟုတ်ကဲ့ အန်တီ , အန်တီတို့သားဆီကို ပြန်ပို့မယ်ဆိုရင်တော့ နီးစပ်ရာကြေးနန်းရုံးသို့ လာရောက်ပြီး အန်တီ့ သားဝယ်ယူတဲ့ ကြေးနန်းအသုံးပြုခွင့် ကဒ်ရဲ့ Username ဆီကို ပေးပို့နိုင်ပြီး ကြေးနန်းရိုက်ကြားခ
 ငွေ၃၀၀ ကို ကြေးနန်းစခန်း သို့ ပေးဆောင်ရမှာပဲဖြစ်ပါတယ်။ အန်တီ ပေးပို့တဲ့ ကြေးနန်းအတွက် အန်တီ
သားရဲ့ ကြေးနန်းအသုံးပြုခွင့်မှာ ငွေနှုတ်ယူခြင်းပြုမှာ မဟုတ်ပါဘူး www.etelegram.net.mm ကိုအသုံး
ပြုမယ်ဆိုရင်တော့ အန်တီတို့ပို့ထားတဲ့ ကြေးနန်းကို အန်တီသားတွေ့နိုင်မှာပါ"
ရွာလူကြီးမှ "ကဲ အခုလိုဦးတို့ရွာကို စိတ်ရှည်လက်ရှည် နဲ့ ဗဟုသုတ ဖြန်ဝေပေးတဲ့ ညီလေး ကို လည်းကျေးဇူး တင်ပါတယ် ရွာသူရွာသားတွေ ဘာမေးစရာရှိကြသေးလဲ"
မအေးသိန်း လူကြားမှထရပ်လိုက်သောအခါ ရွာလူကြီးမှ
"မအေးသိန်းပြောဘာမေးမလဲ"
" မေးမလို့မဟုတ်ပါဘူးတော် မေးစရာလည်း မလိုပါဘူး ဟောဒီက သူငယ် ရှင်းပြသွားတာ အားလုံးရှင်းနေ
တာပဲ အခုထလိုက်တာက ဟောဒီက ကလေးနဲ့ ရုံးရောက်ရင် ရုံးသူရုံးသားတွေစားဖို့ ကောက်ညှင်းကျည်
တောက် သွားယူမလိုတော်ရေ"
"ဟားဟားဟားဟားဟားဟား"
အဲဒီတော့မှ ပါးစပ်ပိတ်သွားတဲ့ ရွာလူကြီးကိုကြည့်ပြီး ရွာသူရွာသားများ ရယ်မောကြလေသည်။

သာယာကုန်းရွာကလေးမှ အပြန်ခရီးတွင် လက်ဆောင်ပေးလိုက်သော ကောက်ညှင်းကျည်တောက် ကို ကိုင်ပြီး လိုက်ပါနှုတ်ဆက်ကြသော ရွာသူရွာသား များအား နှုတ်ဆက်ရင်း စာဝေလုလင်၏ အတွေးပုံရိပ်
တွင်ကား ကြည်နူးမှု အရိပ်အရောင်များဖြင့် သာယာကုန်းရွာလေး ၏ အေးချမ်းသာယာပြီး နည်ပညာ များ ခေတ်မှီ ဖွံ့ ဖြိုးတိုးတက်ဖို့ အတွက် တတ်နိုင်သမျှ ပညာရှင်လူငယ်လေး များစုရုံးပြီး နောက်တစ်ဖန် နည်းပညာများကို ပြန်လည်မျှဝေဦးမည်ဟု ကြည်နူးရင်း စာဝေလုလင်အပြန်ခရီးမှာ လေနုအေးလေးနှင့်
အတူ အဓိပ္ပာယ်ရှိ နေပါတော့သည်။




Categories: