Posted by helperetelegram on
- -
ကျနော်ဒီနေ့ မျှဝေချင်တဲ့
Software လေးကတော့ Uniblue DriverScanner 2014 4.0.12.1 Full Version ပဲဖြစ်ပါတယ်…။
ကျနော် တစ်နေ့ သူငယ်ချင်းတစ်ယောက်ရဲ့ ညီတစ်ယောက် ပြောပြခဲ့ပါတယ်..။ ကျနော် တို့ လက်ဖက်ရည်ဆိုင်မှာ
စကားလေး ဘာလေးပြောရင်းနဲ့ပေါ့..။ Window အကြောင်းလေး တွေပါ တခြားတော့မဟုတ်ပါဘူး..။ အဲ့ဒီမှာ
အဲ့ဒီညီက ပြောပါတယ် အကို တို့ရယ် Window တင်တာဘာ ခဲယဉ်းလို့လဲ ကျနော် တောင် တင်တတ်တယ်
လို့ပြောခဲ့ပါတယ်..။ ဟုတ်ပါတယ် သူပြောတာ တကယ်မှန်ပါတယ် Window တင်တာကတော့ မခဲယဉ်ဘူးပေါ့..။
ဘယ်ဟာက ခဲယဉ်းပါသလဲ တချက်တွေးကြည့် တဲ့အခါမှာ Microcomputer အမျိုးအနွယ်ဝင်ဖြစ်တဲ့
Desktop တို့ Laptop တို့မှာ ဖြစ်တတ်တဲ့ အခက်အခဲ က ဘာလဲဆိုတော့ Driver ပဲ ဖြစ်ပါတယ်။
မိမိကိုယ်တိုင်က မိမိPC ရဲ့ Driver တွေကို အမျိုးအမည် မသိခဲ့ဘူးဆိုရင်တော့ ဒီ Uniblue
DriverScanner လေးက ကူညီပါလိမ့်မယ်…။ လာရောက်လည်ပတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်….။
(မှတ်ချက်။ ။ ဒီ
Software လေးကို Run မယ်ဆိုရင် အရင်ဆုံး Computer မှာ Internet Access ကို ပိတ်ထားရပါမယ်
ပြီးရင်တော့ Start >> Control Panel >> Windows Firewall >>
Turn Windows Firewall on or off >> Turn Off Windows Firewall (Both
Uncheck) >> OK ) (လွန်တာရှိက၀န္ဒာမိပါ)
Uniblue DriverScanner 2014
4.0.12.1 Serial + Activator Only
Password:
www.saisoftwarecracks.net
[ Read More ]
Posted by helperetelegram on
- -

ကဲ အခု တခါရှင်းပြပေးမယ့်
အကြောင်းလေးကတော့ NTFS File System အကြောင်းလေးပဲ ဖြစ်ပါတယ်။ အဲ့ဒီတော့ File System
လို့ ပြောလိုက်ပြီဆိုတာနဲ့ File System မှာ FAT နှင့် NTFS ဆိုပြီး ၂ မျိုး
ရှိတယ်ဗျ။ FAT ကို (File Allocation Table) လို့ ခေါ်တယ်။ NTFS ကိုတော့ New
Technology ဆိုပြီး ရှိတယ်။ FAT File System သည် Earlier Version Windows တွေ
ဖြစ်တဲ့ DOS, Windows 95, 98, 98SE တို့မှာ ပါရှိတာ ဖြစ်တယ်။ NTFS File System
ကတော့ Windows NT ရဲ့ Standard File System ဖြစ်ပြီး NTFS File System ကို Windows
NT မှစပြီး နောက်ပိုင်း Windows Version တွေ ဖြစ်တဲ့ Windows 2000, Windows XP,
Windows Server 2003, Windows Server 2008, Windows Vista နှင့် Windows 7 စတဲ့
Operation System တွေမှာ NTFS File System ပါရှိပါတယ်။ဒီတော့ ကျွန်တော် အခု ပြောမယ့်
အကြောင်းအရာက NTFS File System အကြောင်းကိုပဲ သိရှိနားလည်အောင်ပြောပြပေးသွားမှာ
ဖြစ်ပါတယ်။NTFS File System ကို စတင်ပြီး ရေးသားခဲ့တဲ့ အချိန်ကတော့ ၁၉၈၀ ခုနှစ်
အလယ်ပိုင်းလောက်မှာ စတင်ရေးသားခဲ့တာဖြစ်ပါတယ်။ NTFS File System မှာ Version
(၈)မျိုးရှိပါတယ်။ အဲ့ဒီ NTFS File System Versionတွေကတော့-
-NTFS V1.0
( Windows NT 3.1 )
-NTFS
V1.1 ( Windows NT 3.5 )
-NTFS
V1.2 ( Windows NT 3.51)
-NTFS
V4.0 ( Windows NT 4.0 )
-NTFS
V5.0 ( Windows 2000 )
-NTFS
V5.1 ( Windows XP )
-NTFS V
5.2 ( Windows Server 2003 )
-NTFS V
6.0 ( Windows Vista, Windows Server 2008 ) တို့ပဲ ဖြစ်ပါတယ်။
NTFS File System ကို
ဘာ့ကြောင့် အသုံးပြုရတာလဲဆိုရင်တော့ NTFS File System က FAT File System ထက်အားသာချက်တွေ
အများကြီး ရှိလို့ပါပဲ။ NTFS File System ရဲ့အားသားချက်တွေက ဘာတွေလဲဆိုရင်တော့
မိမိတို့ရဲ့ Fileနှင့် Folder တွေရဲ့ လုံခြုံမှုပိုင်းဆိုင်ရာတွေကို ပြုလုပ်ပေးနိုင်ပါတယ်။
ဒါတင်မကသေးဘူးဗျ။File တွေကို Compressed လုပ်တာ၊ Encryption, Disk Quotas, EFS
(Encryption File System), VSS (VolumeShadow Copy Service ) စတဲ့ Service တွေ
အများကြီးကိုလဲ လုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် NTFS File System သည် ယနေ့ အချိန်ထိ
အသုံးပြုနေကြရခြင်းပဲ ဖြစ်ပါတယ်။
File နှင့် Folder
လုံခြုံမှုပိုင်းဆိုင်ရာဆိုတာ
NTFS File System ရဲ့
File နှင့် Folder လုံးခြုံမှုပိုင်းဆိုင်ရာဆိုတာက File နှင့် Folder တွေကို ACL
(Access Control List ) ACL-Based Security ဖြင့် အခြားအခွင့်မရှိတဲ့ User များက
မိမိရဲ့ File နှင့် Folder တွေကို ၀င်ရောက်ကြည့်ရှုခွင့်၊ ဖတ်ရှုခွင့်မရှိအောင်
ကာကွယ်ပေးထားနိုင်တာကို ပြောတာ ဖြစ်ပါတယ်။
File တွေကို
Compressed လုပ်တယ်ဆိုတာ
NTFS File System ရဲ့ File တွေကို Compressed လုပ်တယ် ဆိုတာက မိမိရဲ့ Hard
Disk Device ထဲမှာ File တွေကို သိမ်းဆည်းရာမှာ Hard disk Device ထဲမှာ နေရာယူမှု
ပမာဏ နည်းသွားအောင် ပြုလုပ်တာကို File တွေကို Compressed လုပ်တယ်လို့ ပြောတာ
ဖြစ်ပါတယ်။ NTFS File System File တွေကို Compressed လုပ်ရာမှာ L277 Algorithmn
ကို အသုံးပြုပြီး Compressed လုပ်ပါတယ်။ ဒါကြောင့် NTFS File System မှာပါရှိတဲ့
File တွေကို Compressed လုပ်တာသည် မိမိ Hard Disk ထဲမှာ နေရာယူမှု
ပမာဏနည်းသွားအောင် ပြုလုပ်ပေးတာကို ပြောတာ ဖြစ်ပါတယ်။
Disk Quotas
NTFS File System ရဲ့ Disk Quotas ဆိုတာ မိမိရဲ့ Hard Disk Drive ထဲမှာ Data
သိမ်းဆည်းနိုင်မှု ပမာဏ Limit ကို ကန့်သတ်လိုက်တာ ဖြစ်တယ်။ ဒီလို မိမိရဲ့ Hard Disk
ရဲ့ Data သိမ်းဆည်းနိုင်မှု Quotas ကို သတ်မှတ်လိုက်ခြင်းအားဖြင့် အခြား User
တွေသည် မိမိ Hard Disk ထဲသို့ သူတို့ရဲ့ Data တွေလာရောက် သိမ်းဆည်းမှုကို
ကာကွယ်ထားနိုင်မှာဖြစ်ပါတယ်။
Encryption File
System (EFS)
NTFS File System ရဲ့ Encryption File System ဆိုတာ မိမိရဲ့ Hard Disk
ထဲမှာရှိတဲ့ ဘယ် File နှင့် ဘယ် Folder မဆိုအားလုံးကို Encrypt လုပ်လိုက်တာကို
Encryption File System လို့ပြောတာ ဖြစ်ပါတယ်။
Volume Shadow Copy
Service (VSS)
NTFS File System ရဲ့
Volume Shadow Copy Service (VSS) ဆိုတာ မိမိရဲ့ File နှင့် Folder တို့ရဲ့
ပြုပြင်ပြောင်း လဲမှုတွေကို ပြန်လည်၍ သတ်မှတ်ပေးနိုင်တဲ့ Service ကိုပြောတာ
ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ပြောရရင်တော့ VSS လုပ်ထားတဲ့ Text File လေးတစ်ခုပေါ့ဗျာ။
အဲ့ဒီ File ထဲမှာ မိမိရဲ့ အရေးကြီးတဲ့ စာတွေကို သိမ်းထားတယ် ဆိုပါတော့။ အဲ့ဒီလို
အရေးကြီးတဲ့ စာတွေသိမ်းထားတာကို အခြား User တစ်ယောက်က လာရောက်ပြီး
ဝင်ပြင်သွားခဲ့မယ်ဆိုရင် မိမိရဲ့ အရင်က သိမ်းထားခဲ့တဲ့ စာတွေကို အလွယ်တကူပြန်၍
ခေါ်ယူနိုင်ပါတယ်။ အဲ့ဒါကို Volume Shadow Copy Service လို့ခေါ်ပါတယ်။ အဲ့ဒီလောက်ဆိုရင်
NTFS File System အကြောင်းလေးကို နားလည်လောက်ပြီပေါ့နော်။ အဲ့ဒီတော့ ကျွန်တော်ရဲ့
NTFS File System အကြောင်းလေးကို ဒီမှာပဲ ရပ်နားလိုက်ပါမယ်။
[ Read More ]