Posted by helperetelegram on
- -
ကျနော်တို့ လူသားတွေ ဟာ တိုးတတ်လာတဲ့ ခေတ်နဲ့အညီလက်ရှိအချိန်မှာ တယ်လီဖုန်း၊ ကွန်ပျူတာ၊ အင်တာနက် စသည်တို့ကို တွင်ကျယ်စွာအသုံးပြုလာကြပါတယ်။ ယခင်က ကျနော် တို့ ကမ္ဘာမှာ တယ်လီဖုန်း၊ ကွန်ပျူတာ၊ အင်တာနက် စသည်တို့ မပေါ်ခင် ဘယ် Communication နဲ့ အသုံးပြုကြပါလဲ လို မေးစရာဖြစ်လာပါတယ်။ နိုင်ငံတကာမှာဆိုလျှင် International morse code တွေ ကို အသုံးပြုပြီး အဆက်သွယ် ပြုလုပ်ကြပါတယ်။ အဲဒီ code တွေကို ဆင်မြူရယ်မောစ့် က တီထွင်ခဲ့ပြီးကျနော်တို့
မြန်မာနိုင်ငံမှာလည်း ယောအတွင်းဝန်ဦးဖိုးလှိုင် က မြန်မာ့ကြေးနန်းMyanmar Code တွေကို တီထွင် ခဲ့သူဖြစ်ပါတယ်။ နိုင်ငံတစ်ခုမှာ ဘယ်လောက်ပဲ တိုးတတ်နေပါစေ ဆက်သွယ်မှုဆိုင်ရာအတွက်ကြေးနန်း ဆိုတာ မရှိမဖြစ်ပါပဲ။ ကျနော်တို့ ရှေးခေတ်နဲ့ခေတ်လယ် အင်္ဂလိပ်ကားတွေမှာ တော်တော်များများ
တွေရပါလိမ့်မယ်။ ဘာလဲဆိုတော့ အော်ပရေတာတစ်ယောက်က "တီတီတီ" နဲ့ ကီးတစ်ခု ကို နှိပ်နေတာ
တွေရပါလိမ့်မယ်။ အဲတာက International Codeတွေကို အသုံးပြုပြီး တစ်ဖက်နဲ့တစ်ဖက်ကြေးနန်း ရိုက်ပြီးအဆက်အသွယ်လုပ်တာဖြစ်ပါတယ်။
အောက်ပါ Code များကတော့ International morse code များပဲဖြစ်ပါတယ်။
ဒါကတော့ အထက်ပါ International morse code များကို အသုံးပြုပြီး အဆက်အသွယ်ပြုလုပ်တဲ့ စက်များပဲဖြစ်ပါတယ်
[ Read More ]
Posted by helperetelegram on
- -
"အောက်အီးအီးအွတ်"
မိုးသောက်ယံ
အချိန် သာယာကုန်းရွာတွင် ဆွမ်းချက်ရန်အတွက် မြန်မာ့နာရီနှိုးစက်က တွန်ကြူးနေပေ သည်။ရွာထိပ်က
ဆွမ်းချက်ရုံမှာလည်း သံဃာတော်များအား ဆွမ်းလောင်းရန်အတွက် စုရုံးနေကြပေသည်။
ဒေါ်လှမေတစ်ယောက်
စင်ကာပူမှာ သွားအလုပ်လုပ်ရှာသော သားတော်မောင်အကြောင်းစဉ်းစားမိသည်။
သားတော်မောင်
ပို့လိုက်သော ပိုက်ဆံဖြင့် သံဃာတော်များအား ဆွမ်းလောင်းရင်း သားတော်မောင်ဆီမှ
အဆက်အသွယ်မရသည်မှာ
၁ လ ပင်ကြာမြင့်လေပြီ။ သားလေးနေမှကောင်းရဲ့လား သားလေး အလုပ်မှာ
အဆင်ပြေပါ့မလား
ဟု အတွေးများဖောင်ဖွဲ့နေစဉ် နောက်မှ မအေးသိန်း က
"ဟဲ့
လှမေ နင့်သားတစ်ယောက် နိုင်ငံခြားမှာ အဆင်ပြေလား အေ့"
"မအေးသိန်း
ရယ် သားလေး ဆီ အဆက်အသွယ် မရေတာ တော်တော်လေးကြာနေပြီရှင့် မြို့တတ်ပြီး
သားလေး
ဆီ ဆက်သွယ်ရဦးမယ် မအေးသိန်းရေ"
"ညည်း
သားလေးက ဖုန်းနံပါတ် မပေးဘူးလား"
"ပေးပါတယ်
မအေးသိန်း ရယ် ဒါပေမယ့် ကျမတို့က တောကလေ မြို့တတ်ပြီး အဲဒီ ဘာနတ်ဆိုတာ
ကြီးနဲ့
ပြောရတာ သိပ်အဆင်မပြေပါဘူးတော် ကြားလိုက်မကြားလိုက်နဲ့ နောက်ပြီး မြို့က ကလေး
တွေက
တော်တော့ သူတို့ ဘာပြောမှန်းလည်း နားမလည်ဘူး သားလေးကို သတိရလို့သာ သွားဆက်သွယ်
ရတာတော်ရေ
ကျမတော့ ရူးချင်တာပဲ"
"အမလေး
လှမေ ရယ် ကျုပ်တို့က ဒီလောက်ပဲ အခက်ကြုံရတာတော့ လှမေသားလေးတို့ဆို ဟိုမှာ ဘယ်လောက်
ခက်ခဲမလဲ"
[ Read More ]
Posted by helperetelegram on
- -
လိပိဒီပိကာကျမ်းကတော့ ယောအတွင်းဝန်ဦးဖိုးလှိုင် ရဲ့ ပြောင်မြောက်လှတဲ့ မြန်မာ့ကြေးနန်းရိုက်နည်း ကျမ်းစာအုပ်ပါ။
ယောမင်းကြီးဟာ မြန်မာ့ကြေးနန်းနည်းစနစ်ကို စတင်တီထွင် သူတစ်ယောက်ဖြစ်ပြီး၊ လယ်တီဆရာတော်ဘုရားကြီး
လို ပုဂ္ဂိုလ်မျိုးကတောင် လေးစားခံရတဲ့သူတစ်ယောက်ဖြစ်တာမို့ ဥာဏ်ပညာအလွန်ကြီးမားသူဟုပင်ဆိုရပေမည်။လိပိဒီပိကာကျမ်းဟာတိုတိုလေးပေမယ့် ယောမင်းကြီး ရှင်းပြသွားချက်တွေက အလွန်ပဲ ရှင်းလင်း
ထင်ရှားတာမို့ သဘောပေါက် လွယ်ကူစေပါလိမ့်မယ်။ စာအုပ်ကိုတော့ အောက်မှာ ယူလို့ရပါတယ်ခင်ဗျာ....။
Download Link :
လိပိဒီပိကာကျမ်း.pdf 152K
[ Read More ]
Posted by helperetelegram on
- -
eTelegram ကို အဓိက Online မှ ကြေးနန်းပေးပို့ လိုသူများ အတွက်
စီစဉ်ထားရှိပြီး eTelegram စနစ် တပ်ဆင်ထားရှိသည့် ကြေးနန်းရုံး
အချင်းချင်းသည်လည်း ကြေးနန်းစာများကို ယခင်ကထက် ပိုမိုလျှင်မြန်စွာ ပို့/ယူ
ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါသည်။
eTelegram စနစ်ဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ကြေးနန်းစနစ်အား
မူရင်းအနှစ်သာရ မပျောက်စေဘဲ ခေတ်မီသတင်းအချက်အလက်နှင့် နည်းပညာများကို
အသုံးပြုပြီး လုံခြုံစိတ်ချ၍ ပိုမိုလျှင်မြန်စွာ ဆောင်ရွက်နိုင်မည်
ဖြစ်ပါသည်။
eTelegram စနစ်ကို Template Telegram များဖြင့် Invitation
Letter (ဖိတ်စာများ)၊ Form Entry (ပုံစံဖြည့်စွက်ရန်များ) စသည်တို့ အတွက်ပါ
လွယ်ကူစွာ အသုံးပြုနိုင်အောင် ဝန်ဆောင်မှုများ တိုးချဲ့ဆောင်ရွက်ရန်
စီစဉ်လျက် ရှိပါသည်။
[ Read More ]
Posted by helperetelegram on
- -
www.etelegram.net.mm သည် Online ပေါ်မှ ကြေးနန်းပေးပို့နိုင်သော Website ဖြစ်ပါသည်။ ပေးပို့လို
သောသူ၏ နေရပ်လိပ်စာသိရုံဖြင့် အိမ်အရောက် ပေးပို့နိုင်သော
ကြေးနန်းစနစ်ဖြစ်ပါသည်။
လက်ခံမည့်
သူသည် eMail လိပ်စာ ရှိရန်မလိုပါ။
အွန်လိုင်းတက်စရာမလိုပါ။
၎င်း SERVICE အား ပြည်တွင်းမှာ သာမက ပြည်ပမှ လည်း ပးပို့နိုင် အောင် စီစဉ်ထားပါသည်။
မည်သည့် နေရာမှမဆို Online ချိတ်ဆက်နိုင်သည့် နေရာအားလုံးမှ လွယ်ကူစွာ
အသုံးပြုနိုင်မည်ဖြစ်၍ လုပ်ငန်းများ ပိုမို အဆင်ပြေ မြန်ဆန်ပြီး
နိုင်ငံတကာနှင့် ရင်ဘောင်တန်း ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
လိပ်စာရှင်တွင် Internet/ eMail ရှိရန် မလိုဘဲ ကြေးနန်းရုံးမှ လာရောက်
ပေးဝေသည့် သတင်း (Message) ကို လွယ်ကူစွာ လက်ခံ ရရှိနိုင်မည် ဖြစ်ပါသည်။
လမ်းဆုံးရုံးတွင် ကြေးနန်းစာများ ပေးဝေ အောင်မြင်မှု အခြေအနေအား
မှတ်တမ်းပြုသည့် စနစ် ထည့်သွင်း တည်ဆောက်ထား သဖြင့် ကြေးနန်းပို့သူ
အနေဖြင့် ကြေးနန်းပေးဝေမှု အဆင့်ဆင့်ကို တိကျစွာ သိရှိနိုင်မည် ဖြစ်ပါသည်။
Online User တစ်ယောက်မှ ပေးပို့ ရိုက်ကြားသော ကြေးနန်းစာကို
လိပ်စာရှင်ထံ ပေးဝေသည့်အခါ ပေးပို့ ရိုက်ကြားသူ၏ အမည်နှင့် အတူ လည်းကောင်း၏
User Name (ID No.) ကိုပါ ဖော်ပြပေးဝေမည်
ဖြစ်သည့်အတွက် လိပ်စာရှင်မှ
လိုအပ်လျှင် Online User ထံ လည်းကောင်း User Name (ID No.)
ဖြင့်
လွယ်ကူစွာ ကြေးနန်း ပြန်လည် ပေးပို့ ရိုက်ကြား နိုင်မည် ဖြစ်ပါသည်။
Online User သည် eTelegram စနစ်သုံးစွဲခြင်းနှင့် ပတ်သက်၍
သိရှိလိုသည်များ၊ အခက်အခဲများ၊ လိုအပ်ချက်များ၊ အဆင်မပြေမှုများ၊
အကြံပြုချက်များ စသည်တို့ကို Web Site ၏ အကြံပြုလွှာ စာမျက်နှာတွင် ရေးသား
အကြံပြု နိုင်ပါသည်။ ထိုအကြံပြု ဖော်ပြချက်များကို ဌာနမှ
အထူးဂရုဓမ္မပြုပြီး eTelegram စနစ်၏ စွမ်းဆောင်ရည်ကို အစဉ် ပိုမို
တိုးတက်ကောင်းမွန်အောင်
ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ပါသည်။ အကြံပြုစာများကိုလည်း အမြဲကြိုဆိုလျက်
ရှိပါသည်။
[ Read More ]