Banner 468

E-Telegram Service

Posted by helperetelegram on - -

eTelegram ကို အဓိက Online မှ ကြေးနန်းပေးပို့ လိုသူများ အတွက် စီစဉ်ထားရှိပြီး eTelegram စနစ် တပ်ဆင်ထားရှိသည့် ကြေးနန်းရုံး အချင်းချင်းသည်လည်း ကြေးနန်းစာများကို ယခင်ကထက် ပိုမိုလျှင်မြန်စွာ ပို့/ယူ ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါသည်။

eTelegram စနစ်ဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ကြေးနန်းစနစ်အား မူရင်းအနှစ်သာရ မပျောက်စေဘဲ ခေတ်မီသတင်းအချက်အလက်နှင့် နည်းပညာများကို အသုံးပြုပြီး လုံခြုံစိတ်ချ၍ ပိုမိုလျှင်မြန်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

eTelegram စနစ်ကို Template Telegram များဖြင့် Invitation Letter (ဖိတ်စာများ)၊ Form Entry (ပုံစံဖြည့်စွက်ရန်များ) စသည်တို့ အတွက်ပါ လွယ်ကူစွာ အသုံးပြုနိုင်အောင် ဝန်ဆောင်မှုများ တိုးချဲ့ဆောင်ရွက်ရန် စီစဉ်လျက် ရှိပါသည်။

Categories: