Removable Device (Memory Stick) ဖြင့် Window တင်လိုသူများအတွက်
အရင်ဆုံး Window 7 ကိုယ်တင်ချင်တဲ့ ISO images ဖိုင်ကိုဇွဲကောင်းကောင်းနဲ့ ဒေါင်းယူထားဖို့လိုပါတယ် (အားလုံး 2GB , 3GB အထက်မှာချည်းပါပဲ).......
ဇွဲ မရှိဘူးဆိုရင်တော့ နီးစပ်ရာ ဆိုင်တစ်ဆိုင် မှာပြေးဝယ်လိုက်ပါ....:P
ပြီးရင် 4GB ပမာဏ နဲ့ အထက် (8GB ဆိုရင်ပိုကောင်းတာပေါ့ဗျာ) ရှိတဲ့ USB တစ်ချောင်း လိုပါတယ်...
ISO images တွေ မရှိသေးလို့
ဒေါင်းယူချင်တယ်ဆိုရင်.....အောက် မှာဒေါင်းယူနိုင်ပါတယ်...
ISO images တွေ မရှိသေးလို့
ဒေါင်းယူချင်တယ်ဆိုရင်.....အောက် မှာဒေါင်းယူနိုင်ပါတယ်...
(တချို့ Download လုပ်နည်း မသိသေးတဲ့ သူငယ်ချင်းများကတော့ ဒေါင်းမရဘူးချည်းဘဲ ပြောနေလို့ Download လုပ်နည်းလေးပါ တခါထဲ ဖေါ်ပြပေးလိုက်တယ်)
ဒေါင်းနည်းကတော့ ပထမဆုံး ကိုယ်ဒေါင်းယူချင်တဲ့ Download ဆိုတဲ့ Link လေးကို နှိပ်လိုက်ပါ New Tab
အနေနဲ့ နောက်စာမျက်နှာတစ်ခုကို ရောက်သွားပါလိမ့်မယ် .... 5 စက္ကန့်လေး ကို
သည်းခံပြီး စောင့်ပေးလိုက်ပါ ။
(5 စက္ကန့်အတွင်း သူကြော်ငြာချင်တာလေးကို ပေးကြော်ငြာလိုက်ပါ... ကျေးဇူးတင်ပါတယ် ....:P )
ပြီးရင် အောက်ကပုံလေးအတိုင်း SKIP AD ဆိုတာလေးကို နှိပ်လိုက်ပါ အေးဆေး ဒေါင်းယူနိုင်ပါပြီ....:)
Window 7 ( ISO IMAGE ) 32(x86) VS 64(x64)
Windows 7 Ultimate SP1-U ISO
English x86: X17-59463.iso : DOWNLOAD
English x64: X17-59465.iso : DOWNLOAD
Windows 7 Professional SP1-U ISO
English x86: X17-59183.iso : DOWNLOAD
English x64: X17-59186.iso : DOWNLOAD
Windows 7 Home Premium SP1-U ISO
English x86: X17-58996.iso : DOWNLOAD
English x64: X17-58997.iso : DOWNLOAD
စိတ်ကြိုက် ဒေါင်းယူပြီးပြီ ဆိုရင်တော့ ဒီ Windows 7 USB/DVD Tool ကို အောက်က Link မှာ ဒေါင်းယူလိုက်ပါ
Windows 7 USB/DVD Tool (မရရင်) Download Here
USB ကို ကွန်ပြူတာမှာ တပ်ပြီး ကျန်တာတွေကိုတော့ အောက်က ပုံလေးတွေ အတိုင်း လုပ်ဆောင်သွားလိုက်ပါ....:)
Step 1. အရင်ဆုံး ဒီနေရာမှာ Windows 7 USB DVD Tool (Or) Download ကိုယူလိုက်ပါဦး …
Step 2. Download ယူထားတဲ့ .ISO ဖိုင် မဟုတ်ရင် Windows 7 DVD ကို Nero နဲ့ ISO ဖိုင် အသစ်တည်ဆောက်ထားရမှာပါ…
Step 3. desktop ပေါ်မှာရှိတဲ့Windows 7 USB DVD Tool ကို Double-Click နှိပ်လိုက်ပါ။
Step 4. Windows 7 .ISO file ရဲ့ တည်နေရာကို Browse option ကနေရွေးချယ်ပါ
Step 5. “USB device” ကိုရွေးချယ်ပါ
Step 6. In Step 5, အကယ်၍ USB stick ကို မသိခဲ့ဘူးဆိုရင်ဘေးက refresh button ကိုနှိပ်,
Step 7. USB drive ကိုရွေးချယ်ပြီးရင် “Begin copying” ကို ကလစ်ပေးလိုက်ပါ Operation စပြီးအလုပ်လုပ်ပါတော့မယ်…
Step 8. အဲ့ဒီအဆင့်မှာ USB ကို Format ချမှာဖြစ်တဲ့ အတွက် လိုအပ်တဲ့ Data တွေရှိရင် Copy ကူးထားပါ
Step 9. Finally, creating the USB device will be completed, အသင့်အသုံးပြုလိုရတဲ့ အနေအထားမှာ ရောက်ရှိသွားပါပြီ
အပေါ်က အဆင့်တွေအတိုင်း လုပ်ပြီးပြီ ဆိုရင် USB ကို ကွန်ပြူတာမှာ တပ်ပါ Restart ချပါ Window ပြန် တတ်တတ်လာချင်း Boot Menu ကိုဝင်ဖို့ F2 (or) Dle ကိုနှိပ်ပါ (Boot Menu ကို ဝင်ဖို့ နှိပ်ရမဲ့ Key တွေက ကွန်ပြူတာ တစ်လုံးနှင့် တစ်လုံး မတူနိုင်ပါဘူး) Acer Window 7 မှာတော့ F2 ကိုနှိပ်ပြီး Boot Menu ကို ဝင်ရပါတယ်)
Boot Menu က Boot tab မှာ first boot device ကို USB ကို ရွေးပြီး F10 နဲ့ Save and Chang ကိုနှိပ်ပေးလိုက်ပါ...။
Window ပြန်တတ်လာရင် USB နဲ့ Window တင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ....//













